မအိအိခိုင် (အလယ်တန်း၊ ၅တန်း)

အိမ်အလုပ်များကိုကူညီရင်းအိမ်မက်များအကောင်အထည်ဖော်နိုင်စေရန်ကြိုးစားနေသော အိအိခိုင်

ကျွန်မသည် ထန်းတပင်မြို့နယ် ကျောင်းကုန်းတွင် ၅တန်း ပညာသင်ကြားလျက်ရှိပါသည်။ကျွန်မ၏ အဖေမှာ ဘုန်းကြီးဝတ်နေပြီးအမေသည်လည်းကျပန်းအလုပ်ကိုလုပ်ကိုင်ကာ မောင်လေး တစ်ယောက် နှင့် ညီမလေး တစ်ယောက်စုစုပေါင်း မိသားစု၅ယောက်ရှိပါသည်။ မောင်လေးမှာ ဒုတိယတန်းတွင် ပညာသင်ကြားနေပြီး ညီမလေးမှာတော့ ကျောင်းမနေသေးပါ။

အဖေမှာနေမကောင်းသောကြောင့် အမေကလည်း စားဝတ်နေရေးအရ အလုပ်လုပ်ကိုင် နေရသည့်အတွက် ကျွန်မသည် နေ့တိုင်းအိမ်အလုပ်များဖြစ်သော ထမင်းချက်ခြင်း၊ သန့်ရှင်းရေး နှင့် ညီမလေးကို ကြည့်ရှု့ စောက်ရှောက်ခြင်း အစရှိသည်တို့ကို လုပ်ကိုင်ရပါသည်။ထိုကဲ့သို့သော အနေအထားများ ရှိသည့်အတွက် ကျောင်းဆက်လက်တက်ကာ ပညာသင်ကြားရန် စိတ်ပူပန် နေခဲ့ရပါသည်။ သို့သော်လည်း ကျွန်မသည် ကျောင်းဆက်လက်တက်၍ပညာသင်ကြားလိုသည့် အတွက် အစွမ်းကုန်စာကြိုးစားလျက် ရှိပါသည်။ ကျွန်မ၏အိပ်မက်သည် လူကြီးဖြစ်လာပါက ဆရာမဖြစ်ချင်ပါသည်။

Comments are closed.