ဒါရူနီ ပညာသင်ထောက်ပံ့ကြေးစတင်ရာမှ ယနေ့အထိ

ဒါရူနီ နှင့် ဆုံတွေ့ခြင်း

၁၉၈၇ခုနှစ် ထိုင်းနိုင်ငံရွာတစ်ရွာသို့ သွားရောက်ခဲ့စဉ် ရွာသားတစ်ဦးမှ “ဒီရွာက ထိုင်းမှာအဆင်းရဲဆုံးရွာပဲ၊ မူလတန်းပြီးတာနဲ့ အပြင်ထွက်ပြီးအလုပ်လုပ်ကြရတဲ့ ကလေးတွေများတယ်။ အခုငါ့ပေါင်ပေါ်မှာ ထိုင်နေတဲ့ကလေးလေးလဲ ဒီအတိုင်းပဲ” ဟုပြောသည်။

ဂျပန်ကိုပြန်ရောက်ရောက်ခြင်း ရွာသား၏ပေါင်ပေါ်မှာထိုင်နေခဲ့တဲ့ ကလေးမလေးရဲ့ နာမည်ကိုအသုံးပြုပြီး အလှူခံခဲ့သော ပညာသင်ထောက်ပံ့ကြေးသည် “ဒါရူနီ ပညာသင်ထောက်ပံ့ကြေး”၏ အစပင်ဖြစ်ပါသည်။

ပညာသင်ထောက်ပံ့ကြေး၏လုပ်ဆောင်မှုနှင့် ရလဒ်

၁၉၈၇ခုနှစ်မှစတင်သည့် ပညာသင်ထောက်ပံ့ကြေး ပေးအပ်မှုအရေအတွက်မှာ ၄သိန်းကျော်လွန်ခဲ့ပြီး၊ ပေးအပ်သည့်နိုင်ငံများမှာလည်း ထိုင်းနိုင်ငံအပြင် လာအို၊ ကမ္ဘောဒီးယား၊ ဗီယမ်နန်နှင့်မြန်မာနိုင်ငံများသို့ တိုးချဲ့လာနိုင်ခဲ့ပါသည်။ ထိုင်းနိုင်ငံတွင် အလယ်တန်းတက်ရောက်သည့်နှုန်း 20% သာရှိခဲ့သည့်ကာလတွင် ပညာသင်ထောက်ပံ့မှုရရှိသည့် မိသားစုများမှ အလယ်တန်းသို့ ဆက်လက်တက်ရောက်သည့် ကျောင်းသားဦးရေ တိုးတက်လာခဲ့သည့် ရလဒ်များရရှိခဲ့ပြီး ယခုတွင် ထိုင်းနိုင်ငံသာမက လာအို၊ ကမ္ဘောဒီးယား၊ ဗီယမ်နန် ၊ မြန်မာနိုင်ငံများသို့ လှုပ်ရှားမှုကို ဖြန့်ကျက်နိုင်ခဲ့ပါသည်။

Comments are closed.