၄။ EDF၏အဖွဲ့ဝင်ဖြစ်လာပါက ပထမဦးဆုံး လုပ်ဆောင်ရမည့် အချက်များ

မိမိအလုပ်လုပ်ကိုင်နေသော ကုမ္မဏီမှသူဌေးနှင့်တကွ လုပ်ဖော်ကိုင်ဖက်များ တဖန်ဂျပန်လူမျိုး သူငယ်ချင်းများကို ဖိတ်ကြားပြီး မြန်မာနိုင်ငံရှိ အလယ်တန်းကျောင်းသား/သူလေးများ၏ ပညာတော်သင် ထောက်ပံ့ကြေးကို လှူဒါန်းရန် ရှင်းလင်းပြောပြပါမည်။

ထို့နောက် EDF-J (Minsai Center   Web Site) ကို မိတ်ဆက်ပေးပြီး Credit Card ဖြင့်မြန်မာနိုင်ငံရှိ ကျောင်းသား/သူများ၏ ပညာရေးအုပ်ထိန်းသူ ဖြစ်နိုင်ကြောင်းကို ရှင်းပြရပါမည်။ ဂျပန်လူမျိုးတစ်ယောက်မှ ထောက်ပံ့ကြေးပေးအပ်ကာ ပညာရေး အုပ်ထိန်းသူ ဖြစ်လာပါက ထိုထောက်ပံ့သူတစ်ဦးမှ တစ်ဆင့်ပြီးတစ်ဆင့် ကျယ်ပြန့်လာမည်ဖြစ်ပါသည်။

(က) ဂျပန်လူမျိုးများအား Minsai Centerကို မိတ်ဆက်ပေးခြင်း

စိတ်ဝင်စားမှုရှိသော အလှူရှင်အား မိမိဘာသာ ရှင်းလင်းမပြနိုင်ပါက Minsai Centerကို မိတ်ဆက်ပေး၍ ထိုပုဂ္ဂိုလ်၏အမည်၊ Mail လိပ်စာ (သို့မဟုတ်) အိမ်လိပ်စာ ကို Minsai Center သို့ပေးပို့ပါ။ ရုံးမှ အကြောင်းကြား ဆက်သွယ်ပေးမည်ဖြစ်ပါသည်။

(ခ) Minsai Center ၏ SNS မှ မိမိတို့၏ရွာရှိ အလယ်တန်းကျောင်းသား/သူများကို မိတ်ဆက်ပေးခြင်း

အကယ်၍မိမိတွင် ဂျပန်လူမျိုး လုပ်ဖော်ကိုင်ဖက် ၊ သူငယ်ချင်းများမရှိပါကလည်း  Minsai ၏ SNSမှတဆင့် မိမိပညာသင်ယူခဲ့သော အလယ်တန်းကျောင်းကို မိတ်ဆက်ပေး၍ မိမိနေထိုင်ခဲ့သော ဒေသမှ ချို့တဲ့သောကျောင်းသား/သူများအား ပညာသင်ထောက်ပံ့ကြေးပေးနိုင်ရန် သတင်းအချက်အလက်များ မျှဝေနိုင်ပါသည်။

Comments are closed.