စန္ဒာလင်း အဌမတန်း

လေ့လာသင်ယူခြင်းတွင် စိတ်ပါဝင်စားမှုရှိသော စန္ဒာလင်း

ကျွန်မသည် အဌမတန်းတွင် ပညာသင်ကြားနေသော မစန္ဒာလင်းဖြစ်ပါသည်။ ကျွန်မတွင် အမေအဖေ နှင့် စတုတ္ထတန်း အရွယ် ညီမလေးတစ်ယောက် စုစုပေါင်း မိသားစု ၄ယောက် ရှိပါသည်။ ကျွန်မသည် မူလတန်း တက်ရောက်သင်ယူနေစဉ်တွင် မိသားစုစားဝတ်နေရေး အခက်အခဲရှိသည့်အတွက်  ပညာဆက်လက် သင်ကြားရန်အတွက် အခက်အခဲများရှိနေခဲ့ ပါသည်။

သို့သော် ၅တန်းမှ ယခုနှစ်အထိ လေးနှစ်တာ မင်းဆိုင်းစင်တာမှ ပညာသင်ထောက်ပံ့ကြေး ရရှိသည့်အတွက် အလွန်အထောက်အကူဖြစ်ခဲ့ပါသည်။ ရရှိခဲ့သော ထောက်ပံ့ကြေးဖြင့် ပညာသင်ယူစရိတ်ကို သုံးစွဲခဲ့ပါသည်။ ထောက်ပံ့ကြေး၏ ကျေးဇူးကြောင့် စိတ်အေးချမ်းစွာ ပညာသင်ကြားနိုင်ခဲ့ပါသည်။ ထို့ကြောင့် ပညာ ဆက်လက်သင်ကြားနိုင်ရန် ထောက်ပံ့ပေးခဲ့ ကြသော အလှူရှင်များကို စိတ်ထဲမှ လှိုက်လှဲစွာ ကျေးဇူးတင် ရှိပါသည်။

နောက်နှစ်မှစတင်ကာ ကျွန်မသည် အထက်တန်းသို့ တက်ရောက်ရမည်ဖြစ်သော်လည်း အဖေက နေမကောင်းသောကြောင့် အမေတစ်ယောက်တည်း မိသားစုစားဝတ်နေရေးအတွက် ရုန်းကန် နေရသည့် အတွက် ကျောင်းဆက်တက်ရန်မှာ မလွယ်ကူပါ။ ထို့အပြင် အဖေ့ကိုလည်း ကြည့်ရှု့ ရမည် ဖြစ်ပါသည်။ သို့သော်လည်း မည်သို့ပင်ဆိုစေကာမူ ကျွန်မသည် ပညာဆက်လက် သင်ကြားချင်ပါသည်။

Comments are closed.