EDF မြန်မာ၏ ရည်ရွယ်ချက်

Education for Development Foundation–Myanmarသည် ကမ္ဘာ့ဆင်းရဲနွမ်းပါးမှုပပျောက်ရေးနှင့် ငြိမ်းချမ်းရေးတည်ဆောက်ရေးကို ရည်ရွယ်ချက်အဖြစ် သတ်မှတ်ကာ အဆိုပါရည်ရွယ်ချက် ပြည့်မြောက်ရေး အတွက်အောက်ပါလုပ်ငန်းများကို လုပ်ဆောင်ပါမည်။

၁။  ပညာရေးထောက်ပံ့ကြေး (Schoolarship) ပေးခြင်းဖြင့် ပညာရေးဂဏ္ဍကိုမြှင့်တင်ရန်၊

၂။  ပညာရေးတိုးတက်ရန် လိုအပ်သည့် စာသင်ကျောင်းများဆောက်လုပ်ခြင်းစသည့် အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းရန်၊

၃။ သင်ကြားရေး ဆရာ/ဆရာမများ၏ အရည်အချင်းမြှင့်တင်ရေးဆိုင်ရာထောက်ပံ့မှုများ၊ သင်ထောက်ကူပစ္စည်းများစသည့် ထောက်ပံ့မှုများကို ပြုလုပ်ခြင်းဖြင့် ပညာရေးဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်ရန်၊

၄။   သဘာဝဘေးအန္တရာယ်ကျရောက်ချိန်တွင် စာသင်ကျောင်းများမှတဆင့် ကလေးသူငယ်များ၊ ကျောင်းသား/သူများ ၊ စာသင်ကျောင်းများအား ကယ်ဆယ်ရေး လုပ်ငန်းများလုပ်ဆောင်ရန်၊

၅။  ကျောင်းအလိုက်လုပ်ငန်းလှုပ်ရှားမှုများ (တစ်ကျောင်းလုပ်ငန်းတစ်ခု) စီမံကိန်းကို အကောင်အထည်ဖော်ရန်၊

၆။  (၁) မှ (၅) အထိလုပ်ငန်းများအပြင် ပညာရေးမြှင့်တင်မှုလိုအပ်ချက်များ၊  လုပ်ငန်းစဉ်များကို လုပ်ဆောင်စေရန်၊

အကျိုးခံစားရနိုင်သော မျှော်မှန်းလူဦးရေ

အစီအစဉ်အကောင်အထည်ဖော် ဆောင်ရွက်သော မြို့နယ်တစ်ခုစီအတွက် Education for Development Foundation –Myanmar ၏ သတ်မှတ်ရည်ရွယ်ထားသော အနည်းဆုံးခန့်မှန်းလူဦးရေ( ၁၀၀၀) ဖြစ်ပါသည်။

Comments are closed.