တည်ထောင်သူ၏ အမှာစကား

(က)ငြိမ်းချမ်းရေး၏အရေးပါပုံ

ကျွန်တော်သည် ၁၉၄၂ခုနှစ် ဂျပန်နိုင်ငံ တိုကျိုမြို့တွင် မွေးဖွားခဲ့ပါသည်။ ထိုကာလသည် ဒုတိယကမ္ဘာစစ်အတွင်းဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှု သတိပေးသံများဖြင့် နေ့စဉ်ဆူညံနေပါသည်။ ထိုအသံများသည် ကျွန်တော်၏ ကလေးဘဝ အမှတ်တရများဖြစ်ပါသည်။ စစ်ပြီးကာလ စစ်ရှုံးခဲ့သည့် ဂျပန်သည် ဆင်းရဲသောကြောင့် ကျွန်တော်လည်း နေ့တိုင်းဆာလောင်မွတ်သိပ်သော လူငယ်ဘဝကို ဖြတ်သန်းခဲ့ရပါသည်။

(ခ)ပညာရေး၏အရေးပါပုံ

သို့သော် ကျောင်းသို့သွားပါက နေ့လည်စာစားရပြီး ဗိုက်ပြည့်စေခဲ့ပါသည်။ ဂျပန်နိုင်ငံသည် စစ်ပြီးကာလ ဆင်းရဲချို့တဲ့ခဲ့သော်လည်း၊ စစ်အတွင်း မိဘများဆုံးပါးသွားသော ကလေးသူငယ်များပါမကျန် ပညာသင်ယူနိုင်သော အခွင့်အလမ်းရရှိခဲ့ပါသည်။ ပညာရေးသည်သာလျှင် စစ်ပြီးကာလ ဂျပန်နိုင်ငံ ပြန်လည်ဖွံ့ဖြိုးရေးအတွက် အဓိကအကျဆုံး အချက်ဖြစ်သည်ဟု ယုံကြည်ပါသည်။ ထို့ကြောင့် ကျွန်တော်၏ ဘဝအတွေ့အကြုံများအရ ငြိမ်းချမ်းရေးနှင့် ပညာရေး၏ အရေးပါမှုကို နက်နက်နဲနဲခံစားမိပါသည်။

(ဂ) လူသားတိုင်း ပညာသင်ယူပိုင်ခွင့်

လူသားတစ်ဦးသည် မိမိ၏ မိဘ၊ လူမျိုး၊ နိုင်ငံတို့ကို ရွေးချယ်ပိုင်ခွင့်မရှိပဲ ကံစီမံရာအတိုင်းသာလျှင် မွေးဖွားလာရသည်။ ဥပမာ စီးပွာရေးအရ ချို့တဲ့သော မိသားစုတွင် မွေးဖွားလာရသော်လည်း၊  ကမ္ဘာပေါ်ရှိ ကလေးတိုင်းသည် တန်းတူပညာ သင်ယူခွင့်ရှိသည်ဟု ကျွန်တော် အခိုင်အမာ ယုံကြည်ပါသည်။ ထို့ကြောင့် ၁၉၈၇ခုနှစ်တွင် ပုဂ္ဂလိက လှုပ်ရှားမှုအနေဖြင့် “အပြည်ပြည်ဆိုင်ရာ ပညာရေးထောက်ပံ့သူ”စနစ်ကို တည်ထောင်နိုင်ခဲ့ပါသည်။

ရည်မှန်းချက်မှာ ကမ္ဘာပေါ်ရှိ လူသားတစ်ဦးအနေဖြင့် နိုင်ငံ၊ လူမျိုးဘာသာမခွဲခြားပဲ စီးပွားရေး ပြေလည်သောသူမှ မပြေလည်သော ကလေးသူငယ်များအတွက် ပညာသင်ယူခွင့်ရရှိစေရန် တစ်ဦးစာပညာရေး ထောက်ပံ့ကြေးကို နိုင်ငံ၏ဘဏ္ဍာငွေမှမဟုတ်ပဲ ကမ္ဘာ့လူသားများ၏ အလှူငွေဖြင့် တည်ထောင်နိုင်ရန် မျှော်လင့်ပါသည်။

Mr. Terumasa Akio(EDF အဖွဲ့အစည်းကိုစတင်တည်ထောင်သူ)

Comments are closed.