EDF-Myanmar မှ ထန်းတပင်မြို့နယ် အေးရွာလေးအခြေခံပညာမူလတန်း(လွန်)ကျောင်းသို့ရေသန့်စက်လှူဒါန်းပေးအပ်ခြင်းအခမ်းအနား

၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့တွင် EDF-Myanmar သည် မြန်မာနိုင်ငံ ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ်တွင် တည်ရှိသော အေးရွာလေးအခြေခံပညာမူလတန်းလွန်ကျောင်းသို့ ရေသန့်စက်လှူဒါန်းပေးအပ်ခြင်းအခမ်းအနားကိုကျင်းပခဲ့ပါသည်။

EDF-Myanmar မှ ၂၀၂၂ ခုနှစ် တွင် ထန်းတပင်မြို့နယ် အေးရွာလေးအခြေခံပညာမူလတန်းလွန်ကျောင်းသို့ ပညာသင်ဆုထောက်ပံ့ကြေးသွားရောက်ပေးအပ်သည့်အချိန်တွင် ကျောင်းအုပ်ဆရာမကြီးမှ EDF-Myanmar မှ Managing Director U Zin Zaw Zaw Maung အား ကျောင်းတွင်းသောက်သုံးရေခက်ခဲမှုများကို တိုင်ပင်ဆွေးနွေးခဲ့ပါသည်။ EDF-Myanmar မှ Managing Director U Zin Zaw Zaw Maung သည် EDF-Japan မှတာဝန်ရှိလူကြီးမင်းများနှင့် ဆွေးနွေးတိုင်ပင်၍ အလှူရှင်ကိုကြိုးစားရှာဖွေခဲ့ပါသည်။ ထို့နောက် EDF-Myanmar မှကျောင်းတွင်းကွင်းဆင်းလေ့လာမှုများပြုလုပ်ခဲ့ပီး ရေသန့်စက်လှူဒါန်းမှုဆိုင်ရာလုပ်ငန်းများစတင်ဆောင်ရွက်ခဲ့ပါသည်။

ဇူလိုင်လ (၂၇)ရက်နေ့တွင် ရေသန့်စက်လှူဒါန်းပေးအပ်ခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်ပညာရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျောင်းကော်မတီ အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား/သူများ တက်ရောက်ဂုဏ်ပြုချီးမြှင့်ခဲ့ပါသည်။ အခမ်းအနားတွင် EDF-Myanmar မှ Managing Director U Zin Zaw Zaw Maung မှ ရေသန့်စက် တည်ဆောက်ပေးရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးမှလည်း ရေသန့်စက်လှူဒါန်းပေးမှူအပေါ် ဂျပန်အလှူရှင်များနှင့် EDF-Myanmar မှ တာဝန်ရှိလူကြီးမင်းများအား ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

အခမ်းအနားတွင် ရေသန့်စက်အား EDF-Myanmar မှ Managing Director U Zin Zaw Zaw Maung၊ ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။ ကျောင်းသား/သူများမှလည်း ရေသန့်အား စတင်သောက်သုံးခြင်း နှင့် အမှတ်တရဓာတ်ပုံများရိုက်ကူးခြင်းဖြင့် အခမ်းအနားကို အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။

Comments are closed.