၅။ မြန်မာနိုင်ငံအား မိတ်ဆက်ပေးခြင်း

(က) မိမိတို့၏မွေးရပ်မြေဖြစ်သော မြန်မာနိုင်ငံအကြောင်းကို ဓာတ်ပုံများ၊ ဗီဒီယိုများဖြင့် မိတ်ဆက်ခြင်း

ပထမဦးဆုံး ဂျပန်လူမျိုးများကို မြန်မာနိုင်ငံအကြောင်း သိရှိအောင်လုပ်ရန်သည် အလွန်အရေးကြီးသော အချက်ဖြစ်ပါသည်။ မိမိတို့ မွေးရပ်မြေ၏ နေ့စဉ်နေထိုင်စားသောက်မှု ပုံရိပ်များ၊ ဗီဒီယိုများကို EDF-J သို့ပို့ပေးပါ။

Facebook အစရှိသော SNS ဖြင့် စာကြောင်းတိုလေးများ၊ ရုပ်ပုံများမှတဆင့် မြန့်မာယဉ်ကျေးမှု ကိုဖော်ပြမိတ်ဆက်ပေးနိုင်ပါက အလွန်ကောင်းသည်ဟု ထင်မိပါသည်။ ဂျပန်နှင့် မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုဓလေ့ ကွာဟချက်များဖြင့် နှိုင်းယှဉ်ဖော်ပြလျှင်လည်း အလွန်စိတ်ဝင်စားစရာကောင်းမည်ဟု ထင်ပါသည်။

(ခ) သတင်းအချက်များကို ထုတ်ပြန်သည့်အချိန်တွင်လည်း သေချာပေါက် Minsai ၏ HP လိပ်စာကို ထည့်သွင်းဖော်ပြခြင်း

 မြန်မာနိုင်ငံအကြောင်းကိုသတင်းဆောင်းပါးများမှတဆင့် သိရှိပြီးဘယ်လိုနည်းလမ်းဖြင့် ထောက်ပံ့နိုင်မလဲ ဆိုသည် မှာအလွန်အရေးကြီးပါသည်။ ထို့ကြောင့် Minsai ၏ HP လိပ်စာကိုထည့်သွင်း ဖော်ပြပေးခြင်းဖြင့် လှူဒါန်းမှုကို လမ်းညွှန်ပေးနိုင်မည် ဖြစ်ပါသည်။

Comments are closed.