မောင်မင်းခန့်နိုင် (အလယ်တန်း၊ ၇တန်း)

ကျွန်တော်တွင် အဖေ အမေ အကိုတစ် ယောက် နှင့် ညီမလေးတစ်ယောက်စုစုပေါင်းမိသားစု ၅ ယောက် ရှိပါ သည်။အကိုသည်အလုပ်လုပ်ရန်အတွက်လွန်ခဲ့သော၂နှစ်တွင်ထိုင်းသို့ထွက်သွားခဲ့ပြီး ယခုထိဘာသတင်းမှ မကြားရသေးပါ။ အငယ်ဆုံးညီမလေးမှာလည်းကျောင်းနေသည့်အရွယ်မဟုတ်သေးသည့်အတွက်အခုထိ ကျောင်းမတက်ရသေးပါ။ ကျွန်တော်၏အဖေသည် လက်သမားဆရာဖြစ်ပါသည်။ လွန်ခဲ့သော၅နှစ်ခန့်တွင် အဖွားသည် အလွန်ဖျား၍နေမကောင်းဖြစ်သောကြောင့် ဆေးကုသခဲ့ရပြီး ကုန်ကျစရိတ်မှာအလွန် များပြား သည့်အတွက်အကြွေးများလည်းတင်နေပါသည်။ ယခုအဖေသည် လက်သမား အလုပ်လုပ်ပြီး အမေမှာ ဈေးတွင်ဟင်းသီးဟင်းရွက်ရောင်းပါသည်။ ယခုနေထိုင်သည့် အိမ်မှာလည်း တခြားသူ၏ မြေနေရာကို ဌားရမ်း၍အိမ်ဆောက်နေရပါသည်။ ဘဝက အလွန်ခက်ခဲပင်ပန်း လွန်းလှပါသည်။

ကျွန်တော်သည် အားလပ်ရက်များတွင် မိခင်ကိုကူညီ၍အိမ်အလုပ်များကိုလည်းလုပ်ကိုင်ပေးပါ သည်။ ကျွန်တော်တို့အိမ်တွင် ရေမရှိသောကြောင့် ရေတွင်းမှရေကိုသွားခပ်ရပါသည်။ မိဘများအိမ်၌မရှိချိန်တွင် လည်းညီမလေးအားကူထိန်းပေးပါသည်။ ကျွန်တော်သည်ကျောင်းတွင်အလယ်တန်း ပညာတက်ရောက်နေပြီး အနာဂတ်တွင် ကျွန်တော်သည်အင်ဂျင်နီယာတစ်ယောက်ဖြစ်ချင်ပါ သည်။

Comments are closed.