၇။ ဂျပန်တွင်နေထိုင်သောသူသာလျှင် လုပ်ဆောင်နိုင်သော လူမှုအဖွဲ့အစည်းဆိုင်ရာပံ့ပိုးမှု

(က) ဂျပန်နိုင်ငံရှိ အလှူရှင်များ ပိုမို၍များပြားလာစေရန်

မိတ်ဆွေတို့၏ ကြိုးစားအားထုတ်မှုနှင့် ရှင်းပြမှုကြောင့် ဂျပန်လူမျိုးများသည် မိတ်ဆွေတို့အား ယုံကြည်ကာ မြန်မာနိုင်ငံကို ထောက်ပံ့လိုသော စိတ်များဖြစ်လာပြီး ထောက်ပံ့သူဖြစ်လာမည်ဖြစ်ပါသည်။

အလှူရှင်ဘက်မှ မိမိတို့ထောက်ပံ့ထားသော မြန်မာနိုင်ငံမှ ကျောင်းသား/သူများ၏ ဓာတ်ပုံကိုမြင်ရပါက ထောက်ပံ့ကြေးပေးအပ်ထားသော အလှူရှင်သည် ပိုမို၍ မြန်မာနိုင်ငံကို စိတ်ဝင်စားမှု မြင့်မားလာပြီး မြန်မာနိုင်ငံ အကြောင်းများကို မိတ်ဆွေတို့အား မေးမြန်းမည်ဖြစ်ပါသည်။ထိုအရာသည် မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံ၏ ချစ်ကြည်ရင်းနှီးမှုကို  နက်ရှိုင်းလာစေမည့် အကောင်းဆုံးသော နည်းလမ်းဖြစ်ပါသည်။

(ခ)ဆရာ/ဆရာမများနှင့်ကျောင်းသား/သူလေးများ၏ကျေးဇူးတင်ရှိကြောင်းများကိုပညာရေး အုပ်ထိန်းသူ များသို့ အကြောင်းကြား အသိပေးရအောင်

ဖွံ့ဖြိုးပြီးနိုင်ငံဖြစ်သော ဂျပန်မှ ထောက်ပံ့ကြေးရရှိခဲ့ပါသည်ဟုဆိုသော စိတ်ဖြင့် ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများသည် ကျေးဇူးတင်သည့်စိတ်ရှိသော်လည်း မည်သို့အ‌ကြောင်းကြားကျေးဇူးတင်ကြောင်း ပြောရမည်ကို မသိသောကြောင့် ဂျပန်နိုင်ငံတွင်နေထိုင်သော ညီအကိုမောင်နှမများကကြိုးစားကာ ဘာသာပြန်ပြီး ကျေးဇူးတင်ရှိကြောင်း ထောက်ပံ့သူကိုပြောကြားပေးပါ။

ထောက်ပံ့ကြေးသည် ကျောင်းသား/သူများ အတွက် အသုံးဝင်နေခြင်းကို အလှူရှင်များသိနိုင်စေရန်အတွက် ကျောင်းသား/သူများ၊ ဆရာ/ဆရာမများထံမှ သတင်းစကားများသည်လည်း အလွန်အရေးပါသောကြောင့် ဆရာ/ဆရာမများကို ပါဝင်နိင်စေရန် ဖိတ်ခေါ်စေလိုပါသည်။ ကျောင်းသား/သူများထံမှ ပညာရေးအုပ်ထိန်းသူ၏ မွေးနေ့အတွက် ဂုဏ်ပြုသတင်းစကားများ ပေးပို့ပါကလည်း ဝမ်းသာမည်ဟုထင်ပါသည်။

Comments are closed.