EDF-Myanmar၏ ဦးတည်ချက်နှင့်မျှော်မှန်းချက်

EDF-Myanmar၏ဦးတည်ချက်


EDF-M၏အဓိက ဦးတည်ချက်သည် မြန်မာနိုင်ငံ၏ပညာရေး တိုးတက်အောင် ပံ့ပိုးပေးခြင်းမှတဆင့် ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်ရန်နှင့် ငြိမ်းချမ်းရေးတည်ဆောက်ရန်ဖြစ်ပါသည်။ ချို့တဲ့သော မိသားစုများမှ ကလေးငယ်များအား ပညာသင်ယူနိုင်စေရန် အခွင့်အရေးပေးကာ ပိုမိုကောင်းမွန်သော အလုပ်အကိုင်အခွင့် အလမ်းများရရှိ၍ ချို့တဲ့သောနေထိုင်စားသောက်မှုမှ လွတ်မြောက်နိုင်စေရန်ဖြစ်ပါသည်။

လူမှုအဖွဲ့အစည်းတစ်ခုလုံးရှိ ချို့တဲ့သောမိသားစုမှ ကလေးငယ်များအား ပညာသင်ကြားနိုင်စေရန် အခွင့်အရေးပေးခြင်းသည် ဆွဲဆောင်မှုရှိသော လူမှု့ပတ်ဝန်းကျင်ကို ဖော်ဆောင်နိုင်စေရန် ပံ့ပိုးပေးခြင်းဖြစ်ပါသည်။ ပညာရေးကိုထောက်ပံ့ပေးခြင်းသည် ဂျပန်လူမျိုးများသာမက မြန်မာနိုင်ငံ၏ နောင်လာမည့် မျိုးဆက်သစ်များကလည်း ထမ်းဆောင်ရမည့်တာဝန်ဖြစ်ပြီး ချို့တဲ့သော မိသားစုမှကလေးများအတွက် ပညာရေးထောက်ပံ့ပေးခြင်းကို တွေးတောစဉ်းစားကာ ကမ္ဘာရှိ လူသားများအားလုံး၏ ပူးပေါင်းမှုဖြင့် လုပ်ဆောင်ကြရအောင်။ ယခုလုပ်ဆောင်မှုသည်သာလျှင် သမိုင်းကြောင်းရှည်ကြာစွာဖြင့် ကမ္ဘာကြီးအတွက်ငြိမ်းချမ်းရေးကို တည်ဆောင်သော လှုပ်ရှားမှုဖြစ်ပါသည်။

ပညာရေး၏ အခြေခံအချက် ၃ချက်

၁။ပညာသင်ကြားလာနိုင်ကြခြင်း

ပညာသင်ယူနိုင်သည့် အသက်အရွယ်ရှိသော ကျောင်းသား/သူလေးများအား အလယ်တန်းပညာ သင်ကြားနိုင်သော အခွင့်အရေးများရရှိနိုင်စေရန်အတွက် EDF-Mသည် ဂျပန်လူမျိုးအလှူရှင်များနှင့် ကမ္ဘာ့နိုင်ငံအသီးသီးရှိ အလှူရှင်များအား ထောက်ပံ့ကြေးပေးနိုင်ရန် ဖိတ်ခေါ်ကာ ချို့တဲ့သောမိသားစုမှ ကလေးငယ်လေးများအား အလယ်တန်းပညာကို ဆက်လက်သင်ကြား နိုင်စေရန်ထောက်ပံ့ပါမည်။

၂။ပညာရေးပတ်ဝန်းကျင်စနစ်ပိုမိုကောင်းမွန်လာစေခြင်း

ပညာသင်ကြားနိုင်သော ပညာရေးရပ်ဝန်း ပိုမိုကောင်းမွန်လာစေရန်အတွက် EDF-M သည် ဂျပန်လူမျိုး အလှူရှင်များ၊ ကမ္ဘာပေါ်ရှိအလှူရှင်များအား ဖိတ်ခေါ်ကာ စာကြည့်တိုက်၊ သင်ထောက်ကူပစ္စည်းများသာမက တခြားလိုအပ်သောအရာများကိုလည်း ပံ့ပိုးပါမည်။

၃။ပညာရေးဆိုင်ရာလုပ်ဆောင်ချက်များ

ပညာရေး၏ ရည်ရွယ်ချက်များကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ကာ သင်ကြားရေး ဆရာ/ဆရာမများ၏ အရည်အချင်းမြှင့်တင်ရေးဆိုင်ရာ ထောက်ပံ့မှုများနှင့် ပိုမိုကောင်းမွန်သော မွမ်းမံသင်တန်းများကို ပံ့ပိုးပါမည်။

EDF-M၏ တာဝန်

၁။ ကျောင်းများအပေါ် လိုအပ်ချက်များကိုအခြေခံ၍ ငွေးကြေးဆိုင်ရာ ပံ့ပိုးမှုများကို လုပ်ဆောင်ရမည်မှာ EDF-M၏တာဝန်ဖြစ်ပါသည်။

၂။ တစ်ကြိမ်ထောက်ပံ့ပေးဖူးသော ဂျပန်လူမျိုးများနှင့် နိုင်ငံခြားသား ထောက်ပံ့သူများကို ကျောင်းများနှင့် အပြန်အလှန်ဆက်သွယ်မှုများ စဉ်ဆက်မပျက်လုပ်ဆောင်၍ ရင်းနှီးမှု တိုးတက်လာကာ နောက်ထပ်ထောက်ပံ့မှုများ ဆက်လက်လုပ်ဆောင်နိုင်အောင် EDF-M မှ ကြိုးစားအားထုတ်ပါမည်။

EDF-Myanmar ၏မျှော်မှန်းချက်

၂၀၃၀ခုနှစ်သို့ဦးတည်ကာ

၁။ အားလုံးသော ကလေးများ အလယ်တန်းပညာသင်ကြားနိုင်သည့် အခွင့်အရေးရှိသော လူမှုအဖွဲ့အစည်းအဖြစ် ပြောင်းလဲလာနိုင်စေရန်ပံ့ပိုးပေးခြင်း။

၂။ တိုးတက်လာသော သတင်းနှင့်ဆက်သွယ်ရေးနည်းပညာ (ICT) ကိုမိတ်ဆက်ပေးခြင်းဖြင့် ပညာရေးသဘောတရားများ ပိုမိုကျယ်ပြန့်နက်ရှိင်းလာစေရန် ပံ့ပိုးပေးခြင်း။

၃။အလယ်တန်းကျောင်းပြီးနောက်ပိုင်းဖြစ်သော နည်းပညာပိုင်းဆိုင်ရာ အသက်မွေးဝမ်းကျောင်း ပညာရေးများကို ထောက်ပံ့ပေးခြင်းဖြင့် ပိုမိုကောင်းမွန်သောလုပ်ငန်းများ၏ လှုပ်ရှားမှုများနှင့် လူ့စွမ်းအားအရင်းအမြစ်ကို ပံ့ပိုးပေးနိုင်ခြင်း။
Close Bitnami banner
Bitnami