၁။ ဂျပန်နိုင်ငံတွင်နေထိုင်ကာ မိမိ၏မိခင်နိုင်ငံ တိုးတက်ရေးကို ပံ့ပိုးပေးကြရအောင်

 မြန်မာနိုင်ငံရှိ ကျောင်းသား/သူများအား အလယ်တန်းပညာကိုသင်ကြားနိုင်စေရန်အတွက်ဂျပန်နိုင်ငံတွင် အလုပ်လုပ်နေသော ညီအကိုမောင်နှမများမှတဆင့် မိမိကုမ္မဏီရှိ ဂျပန်လူမျိုးလုပ်ဖော်ကိုင်ဖက်များ၊ အခြားသောဂျပန်လူမျိုး မိတ်ဆွေသူငယ်ချင်းများကို ဖိတ်ခေါ်ကာမိမိပညာသင်ယူခဲ့သော မြန်မာနိုင်ငံရှိ အလယ်တန်းကျောင်းများမှ မျိုးဆက်သစ်လူငယ်များအား အလယ်တန်းပညာကို သင်ကြားခွင့်ရရှိစေရန် ပညာတော်သင် ထောက်ပံ့ကြေးပေးအပ်မည့် လှုပ်ရှားမှု များတွင်ပါဝင်လုပ်ဆောင်ကြပါစို့။ 

ကျွန်တော်တို့တစ်ယောက်ချင်းစီမှအနည်းငယ်ကြိုးစားအားထုတ်ပါကပညာတက်မျိုးဆက်သစ်လူငယ်များများစွာပေါ်ပေါက်လာနိုင်ပါသည်။ ၂၀၃ဝခုနှစ်တွင်မြန်မာနိုင်ငံရှိ ကျောင်းသား/သူ များအားလုံး အလယ်တန်း ပညာကို ပြီးဆုံးကာ နောက်ပိုင်းပညာကို ဆက်လက်သင်ကြားနိုင်ပါက မြန်မာနိုင်ငံသည် များစွာဖွံ့ဖြိုး တိုးတက်လာမည်ဟု ထင်ပါသည်။ထို့ကြောင့် မိခင်နိုင်ငံတိုးတက်မှုအတွက် ဝိုင်းဝန်းပံ့ပိုးပေး ကြရအောင်။

Comments are closed.