EDF၏ရည်ရွယ်ချက်

ပညာရေးမှသည် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးသို့

မိသားတစု၏ စီးပွားရေးကျပ်တည်းမှု ကွင်းဆက်ကို ဖြေရှင်းရန်အတွက် အဓိကလိုအပ်ချက်သည် မျိုးဆက်သစ်လူငယ်များအား ပညာသင်ယူနိုင်မည့် အခွင့်အရေးကို ဖန်တီးပေးခြင်း ဖြစ်သည်ဟု အခိုင်အမာ ယုံကြည်ပါသည်။ ဤပညာသင် ထောက်ပံ့ကြေးသည် ပညာအရည်အချင်း ထူးချွန်မှုနှင့်မသက်ဆိုင်ပဲ စီးပွားရေးကျပ်တည်းသောမိသားစုမှ ကလေးသူငယ်များကို ပညာသင်ယူနိုင်မည့် အခွင့်အရေးကို ဖန်တီးပေးခြင်းဖြစ်ပါသည်။

ဆင်းရဲနွမ်းပါးမှု လျော့ချရေးအတွက် အထူးရည်ရွယ်သော ပညာသင်ထောက်ပံ့ကြေးပင် ဖြစ်ပါသည်။ ကလေးသူငယ်တိုင်း ပညာသင်ယူနိုင်သည့် အခွင်းအရေးရရှိကာ၊ ကျောင်းပြီးပါက ပိုမိုကောင်းမွန်သည့် အလုပ်အကိုင် အခွင့်အလမ်းများရရှိပြီး ပိုမိုပြည့်စုံသာယာသည့် ဘဝကိုပိုင်ဆိုင်နိုင်စေရန် မျှော်လင့်ပါသည်။

အလယ်တန်းပညာရေး သင်ယူမှုနိမ့်ပါးသည့်ဒေသ၊ အလယ်တန်းပညာရေး ဆုံးခန်းတိုင်အောင်သင်ယူမှု နိမ့်ပါးသည့်ဒေသတို့တွင် ပညာသင်ထောက်ပံ့မှုကို ပိုမိုပြုလုပ်ခြင်းဖြင့် ဒေသတွင်းကွာဟချက်ကို နည်းပါးအောင်ပြုလုပ်ခြင်းဖြင့် ဒေသတခုလုံး ဆင်းရဲနွမ်းပါးမှုလျော့ချရေး အတွက်အကျိုးပြုနိုင်ရန် ရည်ရွယ်ပါသည်။

ပညာရေးမှသည် ငြိမ်းချမ်းရေးတည်ဆောက်ခြင်းသို့

EDF Group၏ ပညာသင်ထောက်ပံ့ကြေးစနစ်သည် ထောက်ပံ့ကြေးပေးသူတစ်ဦးမှ ကျောင်းသား/သူတစ်ဦးကို တာဝန်ယူထောက်ပံ့မှုပြုလုပ်သည့် “အပြည်ပြည်ဆိုင်ရာပညာရေးထောက်ပံ့သူ” စနစ်ဖြစ်ပါသည်။

ပညာသင်ထောက်ပံ့ကြေးဆိုသည့် ငွေကြေးပိုင်းဆိုင်ရာ ထောက်ပံ့မှုဖြစ်သော်လည်း ထောက်ပံ့သူသည် နှစ်စဉ်နှစ်တိုင်း မိမိထောက်ပံ့ထားသည့် ကျောင်းသား/သူ၏ဖွံ့ဖြိုးတိုးတက်မှု အခြေအနေကို ပညာသင်ထောက်ပံ့ကြေး အသိအမှတ်ပြုမှတ်တမ်းနှင့် ဓာတ်ပုံမှတဆင့်သိရှိနိုင်ရန် နှစ်စဉ်စောင့်မျှော်နေတတ်ပါသည်။ ထိုအရာသည် တကြိမ်မျှ တွေ့ဆုံဖူးခြင်းမရှိသော ကလေးငယ်တယောက်၏ ဘဝသာယာပျော်ရွှင်မှုအတွက် ဆုတောင်းပေးနေသော မိဘကဲ့သို့“နှလုံးသားတစုံ” ပင်ဖြစ်ပါသည်။

တဖက်တွင် ထောက်ပံ့သူနှင့် ပညာသင်ထောက်ပံ့ကြေးရရှိခဲ့သော ကျောင်းသား/သူတို့အကြား အပြန်အလှန် ဆက်သွယ်တွေ့ဆုံမှုများရှိပြီး၊ ထိုအချက်မှာ ကျယ်ပြန့်သောအဓိပ္ပါယ်ဖြင့် စစ်ပွဲများမရှိသော ကမ္ဘာ့ငြိမ်းချမ်းရေးကိုတည်ဆောက်သည့် လှုပ်ရှားမှုတရပ်ပင်ဖြစ်ပါသည်။

ကမ္ဘာ့အကျိုး

၂၀ရာစုတွင် ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်များဖြစ်ခဲ့ပြီး နောက်ပိုင်းစစ်အေးကာလတွင် စစ်နှင့်ငြိမ်းချမ်းရေးသည် ပြည်သူတို့၏အဓိက ပြဿနာဖြစ်ခဲ့သည်။ ၂၁ရာစုတွင် ကမ္ဘာ့ကြီးပူနွေးလာမှုနှင့် ကမ္ဘာ့ပတ်ဝန်းကျင်ပြဿနာစသည့် နိုင်ငံတစ်ခုတည်း၏အကျိုးစီးပွားကိုဦးစားပေး၍ ဖြေရှင်းမရနိုင်သော ပြဿနာများနှင့် ရင်ဆိုင်နေရပါသည်။ မျိုးဆက်သစ်လူငယ်များသည် နောက်ရာစုဝက်ခန့်တွင် ကမ္ဘာကိုအခြေခံ၍ စဉ်းစားနိုင်ရန်လိုအပ်လာပါမည်။ ထို့ကြောင့် ကမ္ဘာ့အကျိုးကို စဉ်းစားလုပ်ဆောင်နိုင်မည့် မျိုးဆက်သစ်ပညာရေး လိုအပ်လာပြီဟုထင်ပါသည်။

Comments are closed.