ToDa Corporation & EDF-Myanmar မှ ထန်းတပင်မြို့နယ် ထိန်နှစ်ပင်အခြေခံပညာမူလတန်းလွန်ကျောင်းသို့ရေသန့်စက်လှူဒါန်းခြင်းအခမ်းအနား

ToDa Corporation & EDF-Myanmar သည် မြန်မာနိုင်ငံ ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့တွင် တည်ရှိသော ထိန်နှစ်ပင် အခြေခံပညာမူလတန်းလွန်ကျောင်းသို့ ၂၀၂၃ ခုနှစ်ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ရေသန့်စက်လှူဒါန်းခြင်း အခမ်းအနားကို ကျင်းပခဲ့ပါသည်။

EDF-Myanmar မှ ၂၀၂၁ ခုနှစ် တွင် ထိန်နှစ်ပင် အခြေခံပညာမူလတန်းလွန်ကျောင်းသို့ ပညာသင်ဆုထောက်ပံ့ကြေးသွားရောက်ပေးအပ်သည့်အချိန်တွင် ကျောင်းအုပ်ဆရာမကြီးမှ EDF-Myanmar မှ Managing Director U Zin Zaw Zaw Maung အား ကျောင်းတွင်းသောက်သုံးရေခက်ခဲမှုများကို တိုင်ပင်ဆွေးနွေးခဲ့ပါသည်။ EDF-Myanmar မှ Managing Director U Zin Zaw Zaw Maung က အလှူရှင်ကိုရှာဖွေခဲ့ရာ ToDa Corporation နှင့် ချိတ်ဆက်မိခဲ့ပါသည်။ ToDa Corporation မှ လည်း ကျောင်းတွင်းကွင်းဆင်းလေ့လာမှုများပြုလုပ်ခဲ့ပီး ရေသန့်စက်လှူဒါန်းရန်သဘောတူခဲ့ပါသည်။

ဇန်နဝါရီလ (၂၆)ရက်နေ့တွင် ကျောင်းသား/သူများ၊ ဆရာ/ဆရာမများနှင့်အတူ ရေဆိုးသန့်စင်စက်လှူဒါန်းခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။ လှူဒါန်းမှုအခမ်းအနားတွင် ToDa Corporation မှ Mr. Onodera နှင့် EDF-Myanmar မှ Managing Director U Zin Zaw Zaw Maung တို့မှ ရေသန့်စက် တည်ဆောက်ပေးရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် ကျောင်းအုပ်ဆရာမကြီးမှ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

အခမ်းအနားတွင် ToDa Corporation မှ Mr.Onodera ၊ EDF-Myanmar မှ Managing Director U Zin Zaw Zaw Maung၊ ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။ ကျောင်းသား/သူများမှလည်း ရေသန့်အား စတင်သောက်သုံးခြင်း နှင့် အမှတ်တရဓာတ်ပုံရိုက်ကူးခြင်းများကျင်းပပြုလုပ်ခဲ့ပါသည်။

Comments are closed.