၂။ EDF လှုပ်ရှားမှုများတွင် ပါဝင်ရအောင်

ပညာတက်မျိုးဆက်သစ်လူငယ်များပေါ်ထွန်းလာရေးသည်  EDF-J နှင့် EDF-M တို့၏ လုပ်ဆောင်ချက်များကို  အသုံးပြုကာ ဖြစ်လာနိုင်ပါသည်။ EDF၏လှုပ်ရှားမှုများကို သိရှိကာ ယခုဆောင်ရွက်လှုပ်ရှားမှုများတွင် ပါဝင်ကြရအောင်။

ဂျပန်လူမျိုးတစ်ဦးမှ တစ်လလျှင် ယန်း ၁၂၀၀ (တစ်နှစ်တွင် ၁၄၄၀၀ ယန်း) ကို ပညာတော်သင် ထောက်ပံ့ကြေးအဖြစ် EDF-J သို့လှူဒါန်းကာ ၄နှစ်တာ အလယ်တန်းပညာ ပြီးဆုံးသည်အထိ မြန်မာလူမျိုး ကျောင်းသား/သူတစ်ဦးကို ထောက်ပံ့ကြေးပေးသော အပြည်ပြည်ဆိုင်ရာပညာရေးအုပ်ထိန်းသူစနစ် ဖြစ်ပါသည်။

(က) EDF-J ၏ လုပ်ဆောင်ချက်

EDF-Jသည် ၁၉၈၇ခုနှစ်တွင် စတင်တည်ထောင်ကာ၊ လက်ရှိ ဂျပန်နိုင်ငံအစိုးရအဖွဲ့၏ အသိအမှတ်ပြု ခံထား ရသော ဖောင်ဒေးရှင်းတစ်ခု ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာပညာရေး ပူးပေါင်းမှုဆိုင်ရာ အဖွဲ့အစည်း ဖြစ်ပါသည်။

ဂျပန်လူမျိုးမှ Credit Cardဖြင့် လှူဒါန်းမည်ဆိုပါက အလှူရှင်၏ အကြောင်းအရာ အချက်အလက်များကို မှတ်ပုံတင်၍မှတ်သားထားပြီး လက်ခံဖြတ်ပိုင်းကို အလှူရှင်ထံသို့ပေးပို့ကာ အလှူရှင်၏ သတင်းအချက်အလက်များနှင့် ထောက်ပံ့ကြေးများကို EDF-M သို့ပို့ပေးပါသည်။

(ခ) EDF-Myanmar ၏လုပ်ဆောင်ချက်

EDF-M သည် ဂျပန်ရှိအလှူရှင်၏ အကြောင်းအရာအချက်အလက်များကို အခြေခံကာ ထောက်ပံ့ကြေးရရှိမည့် ကျောင်းသား/သူများကို မြန်မာနိုင်ငံရှိ အလယ်တန်းကျောင်းများမှတဆင့် ရှာဖွေကာ ၎င်းတို့အား ထောက်ပံ့ပေးမည့် အလှူရှင်အမည်ကို အသိပေးပြောကြားပြီး ထောက်ပံ့ငွေကို ပေးအပ်ပါမည်။

ကျောင်းများတွင် အင်တာနက်ချိတ်ဆက်အသုံးပြုနိုင်ပါက EDF-M သည် ထောက်ပံ့ကြေးလျှောက်ထား မည့်ကျောင်းသား/သူများ၏ အကြောင်းအရာအချက်အလက် ဖြည့်စွက်ရန် ဖိုင်နှင့် IDကို ကျောင်းများသို့ ပေးပို့ပါမည်။

ကျောင်းများက ကျောင်းအမည် ၊ ထောက်ပံ့ကြေးလျှောက်ထားမည့် ကျောင်းသား/သူတို့၏ အချက်အလက်များနှင့် ဓာတ်ပုံများကို ဖြည့်စွက်ပေးရပါမည်။ EDF-M သည် ထိုအချက်အလက်များကို အခြေခံကာ ထောက်ပံ့ကြေးပေးအပ်သူနှင့် ထောက်ပံ့ကြေးရရှိမည့် ကျောင်းသား/သူများကို ချိတ်ဆက် ပေးပါမည်။

 ထို့နောက် EDF-M သည် ထောက်ပံ့ကြေးကို ကျောင်းများသို့ပေးအပ်ပြီး ကျောင်းသား/သူ များက ထောက်ပံ့ကြေးနှင့် အလှူရှင်အမည်ပါရှိသော မှတ်တမ်းစာရွက်ကို ရရှိမည်ဖြစ်ပါသည်။

(ဂ) My Page

 My Page တွင်အလှူရှင် အကြောင်းအရာ အချက်အလက်များနှင့် ကျောင်းသား/သူများ၏ အချက်အလက်များကို စုစည်းထားရှိပြီး ထောက်ပံ့ကြေးပေးအပ်သူသည် မိမိထောက်ပံ့ထားသော ကျောင်းသား/သူများ၏ အချက်အလက်များနှင့်  ဓာတ်ပုံများကို ဝင်ရောက်ကြည့်ရှု့နိုင်မည်ဖြစ်ပါသည်။

Comments are closed.