မောင်ဇေယျာအောင် (အလယ်တန်း ၆တန်း)

ကျွန်တော်သည်မင်းဆိုင်းစင်တာမှပညာတော်သင်ထောက်ပံ့ကြေးရရှိနေသောကလေးတစ်ယောက်ဖြစ်ပါ သည်။ ကျွန်တော်တွင် အဖေ ၊အမေ ၊ညီလေးတစ်ယောက်နှင့် ညီမလေးတစ်ယောက် စုစုပေါင်း မိသားစု ၅ယောက်ရှိပါသည်။ ညီလေးမှာ တတိယတန်းကျောင်းသားဖြစ်ပြီး ညီမလေးမှာ ပထမတန်းကျောင်းသူ ဖြစ်ပါသည်။ အဖေမှာ နေ့စားအလုပ်ကိုလုပ်ကိုင်ပြီး အမေသည်အရင်ကစက်ရုံတစ်ခုတွင် အလုပ်လုပ်ခဲ့ဖူး ပါသည်။ ယခု ကျွန်တော့်အမေသည် ကိုယ်ဝန်ရှိနေသည့်အတွက် အလုပ်မလုပ်နိုင်ပါ။ဒီနေ့လည်း အမေသည် ဓာတ်ပုံရိုက်စဉ်တွင် ဈေးသွားနေသောကြောင့် မပါဝင်နိုင်ပါ။

ကျွန်တော်၏အိမ်မက်မှာ အင်ဂျင်နီယာတစ်ယောက်ဖြစ်ရန်ဖြစ်ပါသည်။ ကျောင်းကိုလည်း အလေးအနက် ထားပြီး စာကြိုးစားနေပါသည်။ အကြီးဆုံးသားဖြစ်သည့်အတွက် အ‌ဖေနှင့်အမေ မရှိချိန်တွင် အိမ်အလုပ် များကိုကူညီလုပ်ကိုင်ပေးပါသည်။

ကျွန်တော်သည် ယခုမင်းဆိုင်းစင်တာမှ ပညာသင်ထောက်ပံ့ကြေးရရှိသည့်အတွက် အလွန်အထောက်အကူ ဖြစ်ခဲ့ပါသည်။ထောက်ပံ့ကြေး၏ကျေးဇူးကြောင့် စိတ်အေးချမ်းစွာ ပညာသင်ကြားနိုင်ပြီး မိဘများကိုလည်း ကူညီပေးနိုင်တော့မည်ဖြစ်ပါသည်။ထို့ကြောင့်ပညာဆက်လက်သင်ကြားရန်ထောက်ပံ့ပေးခဲ့ကြသော ဂျပန်နိုင်ငံမှအလှူရှင်များကို စိတ်ထဲမှ လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါသည်။

Comments are closed.