၇။ ပညာတော်သင်ထောက်ပံ့ကြေးအပြင်အခြားသောလုပ်ငန်းများ

လက်ရှိတခြားနိုင်ငံများတွင်လည်း အလယ်တန်းပညာသင်ထောက်ပံ့ကြေးအပြင် ယနေ့အထိနိုင်ငံအသီးသီးတွင် အမျိုးမျိုးသော လုပ်ငန်းများကို တိုးတက်လုပ်ဆောင်လျက်ရှိပါသည်။ လက်ရှိဆက်လက်အောင်မြင်နေသော လုပ်ငန်းအနည်းငယ်ကို မိတ်ဆက်ပေးချင်ပါသည်။

သင့်ကျောင်းအားထောက်ပံ့ပေးမည့် ဂျပန်လူမျိုးသည် များလာပါက ထိုထောက်ပံ့သူများထဲမှ သေချာပေါက် ထောက်ပံ့ကြေးအပြင် တခြားသောလုပ်ငန်းများတွင်လည်း ထောက်ပံ့ချင်သောပုဂ္ဂိုလ်များလည်း ပေါ်ပေါက်လာပါမည်။ ထိုပုဂ္ဂိုလ်များအား မည်သည်စီမံကိန်းသည် သင့်ကျောင်းတွင် လိုအပ်ကြောင်း လက်ရှိအနေအထားများကို ကျိုးကြောင်းပြည့်စုံစွာ ရှင်းလင်းပြကာ လိုအပ်ချက်ကို အကြောင်းကြားတင်ပြပါက EDFသည် ထောက်ပံ့သူကို အစွမ်းကုန်ကြိုးစားရှာဖွေပါမည်။

အရေးကြီးဆုံးအရာမှာ ထောက်ပံ့မှုရရှိပါက ကျောင်းမှ EDFမှတဆင့် ကျေးဇူးတင်လွှာနှင့် အကြောင်းကြားစာကို အလှူရှင်ထံသို့ ပေးပို့ပေးပါ။ နောက်ပိုင်းတွင်လည်း သင့်တော်သလို အကြောင်းကြားအစီရင်ခံစာများကို လုပ်ပေးခြင်းဖြင့် ထောက်ပံ့သူမှ သင့်ကျောင်းအား ဆက်တိုက်နိုင်မည့်အလားလာသည်များပါသည်။

အားလုံးသည် အင်တာနက်မှဖြင့်လုပ်ဆောင်ပြီး ကုန်ကျစရိတ်မရှိပါ။ EDFသည် ဂျပန်ဘာသာပြန်ကာ ကျေးဇူတင်ရှိခြင်းကို အလှူရှင်အား ပြောကြားပါမည်။အနှစ်၃၀ခန့်ဆက်တိုက် EDFမှတဆင့် ထောက်ပံ့မှုများလုပ်နေသော အလှူရှင်များလည်း ပျမ်းမျှထောင်ကျော်၊ အနှစ် ၂၀ကျော် ထောက်ပံ့ခဲ့သောသူက ၂၅၀၀ခန့်ရှိပါတယ်။ တစ်ကြိမ်ထောက်ပံ့ပေးခဲ့သော ပုဂ္ဂိုလ်များသည် နှစ်တိုင်းထပ်ခါထပ်ခါ လှူဒါန်းနိုင်သော အလားအလာရှိပါသည်။

ကျောင်းတွင်စာကြည့်တိုက်ပံ့ပိုးခြင်းလုပ်ငန်း( တစ်ခုကို ၁၇၂ ဒေါ်လာ)

သင့်ကျောင်းတွင် စာကြည့်တိုက်ရှိပါသလား။ စာအုပ်လုံလောက်စွာရှိပါသလား။ စာကြည့်တိုက်ဆောက်လုပ်ရန် လိုအပ်သောရံပုံငွေပမာဏများစွာလိုအပ်သော်လည်း စာအုပ်စင်ရှိပါက စာအုပ်ဝယ်ယူကာ စာကြည့်တိုက်လုပ်ငန်းစတင်လုပ်ဆောင်နိုင်ပါသည်။

သင့်ကျောင်းမှ ကျောင်းသားလေးများအား ထောက်ပံ့ကြေးပေးအပ်သော ပုဂ္ဂိုလ်များအား စာကြည့်တိုက်လိုအပ်ချက်နှင့် လက်ရှိအနေအထားကို ပြောကြားကာ သင့်ကျောင်းအတွက် လိုအပ်သော စာအုပ်များလှူဒါန်းမှုကို EDFမှတဆင့် လှူဒါန်းရန် လုပ်ဆောင်ပေးနိုင်ပါသည်။ EDF-J သည်အခွန်ကင်းလွတ်နိုင်သောအဖွဲ့အ စည်းဖြစ်သည့်အတွက် လှူဒါန်းသည်ပုဂ္ဂိုလ်များအား ဂျပန်ရုံးခန်းမှ သတ်မှတ်ထားသောငွေကြေးပမာဏကို ပေးအပ်ပါမည်။

စီမံကိန်းတစ်ခုကို ၁၇၂ အမေရိကန်ဒေါ်လာကို စာကြည့်တိုက်လုပ်ငန်းအဖြစ် သင့်ကျောင်းအားလှူဒါန်းမည်ဖြစ်ပါသည်။ ၁၇၂ ဒေါ်လာဖြင့် စာအုပ်ဝယ်ယူကာ စာအုပ်အမည်နှင့် ဈေးနှုန်းကို EDF-Mသို့အကြောင်းကြားပါ။ ထိုအချိန်တွင် စာအုပ်စင်တွင် အလှူရှင်နာမည်ရေးသားထားသော စာတိုက်ပုံးကိုလည်း ထားထားပါ။ ထို့နောက် ဓာတ်ပုံရိုက်ကာ EDF-Mသို့လည်း ပို့ပေးပါ။ သင့်ကျောင်းမှ ကျေးဇူးတင်လွှာနှင့်အတူတကွ အစီရင်ခံစာအဖြစ် အလှူရှင်ထံသို့ပို့ပေးပါမည်။

ထိုအရာသည် ပထမနှစ်တွင်လုပ်ရမည်ဖြစ်သော်လည်း ဥပမာအားဖြင့် ဂျပန်နိုင်ငံ၏နှစ်သစ်ကူးများ၊ အလှူရှင်၏မွေးနေ့များတွင်လည်း ကျောင်းသားများ စာအုပ်ဖတ်နေသော ဓာတ်ပုံများ ၊စာကြည့်တိုက်တာဝန်ခံဆရာ၏ အတွေးများ အစရှိသည်တို့ကို EDFသို့ပို့ပေးပါက EDFသည် ကျေးဇူးတင်လွှာနှင့်အတူ စာအုပ်များသည် ကလေးငယ်များဖတ်ပြီးသွားပြီဖြစ်သည့်အတွက် ဖြစ်နိုင်မည်ဆိုပါက စာအုပ်အသစ်လိုအပ်ချက်များကို တင်ပြကာ စာကြည့်တိုက်ပြည့်စုံအောင် လုပ်ချင်ပါသည်ဟု အလှူရှင်အား ပန်ကြားအကူအညီတောင်းနိုင်ပါသည်။

မြန်မာ၏ကျောင်းများမှ နှစ်တိုင်းကျေးဇူးတင်လွှာနှင့် အစီရင်ခံလွှာပို့ပေးပါက EDF-Jသည် အကောင်းဆုံးကို လုပ်ဆောင်နိုင်စေရန် ကြိုးစားပါမည်။ ၁၀နှစ်ကြာသော်လည်း ခန့်ညားထည်ဝါသော စာကြည့်တိုက်ကြီးကို ပိုင်ဆိုင်လာမည်ဖြစ်ပါသည်။

ကျောင်းသင်ထောက်ကူပစ္စည်းလုပ်ငန်း (တစ်ခု ၈၇ဒေါ်လာ)

အလားတူပင် သင့်ကျောင်းတွင် သင်ထောက်ကူပစ္စည်းလုံလောက်စွာရှိပါသလား။ ၈၇ဒေါ်လာဖြင့် ဝယ်ယူနိုင်သော သင်ထောက်ကူပစ္စည်းစာရင်းကို လုပ်ကာ အဘယ်ကြောင့်လိုအပ်ရပါသနည်းအစရှိသည်တို့ကို ရှင်းလင်းချင်စာအုပ်ဖြင့် ပို့ပေးပါ။ ဖြစ်နိုင်မည်ဆိုပါက ဓာတ်ပုံရှိပါက အလွန်ကောင်းမွန်ပါသည်။

စာကြည့်တိုက်ကဲ့သို့ပင် လက်တွေ့စာသင်ခန်းတွင် အသုံးပြုနေသော ဓာတ်ပုံများနှင့် ကျေးဇူးတင်လွှာရောက်ရှိပါက အလှုရှင်သည် နှစ်တိုင်းထပ်ခါထပ်ခါ လှူဒါန်းနိုင်ချေရှိပါသည်။ သင်ချာ၊ ရူပဗေဒ၊ဓာတုဗေဒ အတွဲများ အားကစားနှင့်ဆိုင်သော အတွဲများ အစရှိသည်တို့ကို ၈၇ဒေါ်လာအတွင်းတွင် ပစ္စည်းနှင့် ဈေးနှုန်းကို အကြောင်းကြားပေးပါ။ သင့်ကျောင်းကို ထောက်ပံ့ပေးနေသော ကျောင်းသားသာမက များစွာသော ဂျပန်လူမျိုးများ အထူးသဖြင့် ကျောင်းမှ ဆရာဆရာမများ၏ ပူးပေါင်းပေးမှုများကိုလည်း လိုအပ်ပါသည်။

ကျောင်းတက်ရန်အတွက်စက်ဘီးလုပ်ငန်း (တစ်ခု ၈၀ဒေါ်လာ)

အနေအထားအတော်များများတွင် မူလတန်းကျောင်းများဆိုပါက လမ်းလျှောက်သွာနိုင်သော အကွာအဝေးတွင် ကျောင်းရှိသည်က များသော်လည်း အလယ်တန်းကျောင်းဆိုပါက အကွာအဝေးဝေးကွာသောနေရာများမှ ကျောင်းသားများက လာရောက်တက်ရောက်သည့်အနေအထားများရှိသည်။

ထိုကဲ့သို့သော ကျောင်းသားများအတွက် EDFသည် စက်ဘီးစီမံကိန်းကို လုပ်ဆောင်လျက်ရှိပါသည်။ လက်တွေ့ကျောင်းတက်ရန်အတွက် စက်ဘီးလိုအပ်ချက်ရှိသော ကျောင်းသားအနေအထားနှင့် သူ၏မိသားစုအနေအထားများကို ရှင်းပြပြီး ခရီးအကွာအဝေးကို ဓာတ်ပုံဖြင့်ဖော်ပြခြင်းများလုပ်ဆောင်နိုင်ပါက ထိုစီမံကိန်းကို လျှောက်ထားနိုင်ပါသည်။SNS မှတဆင့် စက်ဘီးကိုထောက်ပံ့နိုင်စေရန် အစွမ်းကုန်ကြိုးစားပါမည်။

အလယ်တန်းနောက်ပိုင်းထောက်ပံ့ကြေးလုပ်ငန်း

၁။ လှူဒါန်းဖူးသောအလှူရှင်အဟောင်း (သီးသန့်)

အလယ်တန်း ၄နှစ်ကြာ ထောပံ့ကြေးရရှိသောကလေးသည် အလှူရှင်နှင့် မေးလ်အသွားအပြန်ရှိပြီး ကာယကံရှင်မှ အလယ်တန်းနောက်ပိုင်းအသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျောင်းဆက်လက်တက်ချင်သော ဆန္ဒရှိပြီး ထောက်ပံ့သူမှလည်း ဆက်တိုက်ပံ့ပိုးပေးချင်သော ဆန္ဒရှိပါက ထောက်ပံ့ကြေးရရှိနိုင်သော စနစ်ဖြစ်ပါသည်။ နည်းပညာ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာသင်တန်းများ တက်ရောက်နိုင်ပါသည်။

၂။ ထောက်ပံ့သူအသစ် (လုပ်ငန်း)

မြန်မာနိုင်ငံတွင် ယခုမှစတင်ကာ စီးပွားရေးသည် အရှိန်အဟုန်ဖြင့် တိုးတက်မည်ဖြစ်ပါသည်။ အထူးသဖြင့် နည်းပညာ အသက်မွေးဝမ်းကျောင်းဆိုင်ရာများသည် လူစွမ်းအားအရင်းအမြစ်ဆိုင်ရာပြုစုစောင့်ရှောက်မှုများသည် အရေးတကြီးလိုအပ်သောအရာဟုထင်ပါသည်။

ဂျပန်နိုင်ငံတွင် အလယ်တန်း အထက်တန်းပြီးဆုံးပြီးနောက်တွက် ဆက်လက်လုပ်ဆောင်မည့်လုပ်ငန်းအတွက် ဆွေးနွေးတိုင်ပင်ပေးသော သက်ဆိုင်ရာတာဝန်ခံရှိပါသည်။ အကယ်၍ ဖြစ်နိုင်မည် ဆိုပါက ထောက်ပံ့ကြေးပေးအပ်သော တာဝန်ခံဆရာမှ ထိုတာဝန်ကိုယူပေးမည်ဆိုပါက အမျိုးမျိုးဆွေးနွေးတိုင်ပင်ခြင်းများ လုပ်ဆောင်ချင်ပါသည်။ အမျိုးမျိုးသော နယ်ပယ်မှ ဂျပန်လုပ်ငန်းများသည် ထောက်ပံ့ကြေးပေးအပ်သလို လူ့စွမ်းအားအရင်းအမြစ်ပြုစုရေးကိုလည်း စဉ်းစားထားပါသည်။

၃။ ထို့နောက်

အလယ်တန်းနောက်ပိုင်းပညာရေးဖြစ်သော အသက်မွေးဝမ်းကျောင်းနယ်ပယ်သည် အဓိပ္ပါယ်တစ်ခုအားဖြင့်ဆိုပါက အသက်မွေးဝမ်းကျောင်းဆိုင်ရာနယ်ပယ်တွင် အခြေခံပညာရေးဖြစ်ပြီး ထိုအဆင့်တွင် ဂျပန်လုပ်ငန်းများတွင် လုပ်ကိုင်နိုင်ခြင်းများလည်း ဖြစ်နိုင်ချေရှိသော်လည်း ထိုနောက်တွင် တက္ကသိုလ်အဆင့် မြန်မာတွင် အထက်တန်းအဆင့် သို့မဟုတ် ဂျပန်နိုင်ငံတွင် အသက်မွေးဝမ်းကျောင်းဆက်လက်တက်ရောက်နိုင်သော အဆင့်လည်း လိုအပ်ပါသည်။ အမျိုးမျိုးသောဖြစ်နိုင်ချေများလည်း ရှိပါသည်။

အခြားသောလုပ်ငန်း

ကဗ္ဘောဒီးယားတွင် အလယ်တန်းကျောင်းအမျိုးသမီးအဆောင် ဆောက်လုပ်ခြင်း။ လာအိုတွင် အလယ်တန်းကျောင်းဆောင်သစ် ဆောက်လုပ်ခြင်း။ အိမ်သာဆောက်လုပ်ခြင်း၊ ထိုင်းတွင် ကျောင်းတစ်ကျောင်းတွင် လုပ်ငန်းတစ်မျိုး(နေ့လည်စာကျွေးခြင်းအတွက် စားနပ်ရိက္ခာများစိုက်ပျိုးခြင်း၊ လယ်စိုက်ခြင်းများကို လက်တွေ့လုပ်ဆောင်ခြင်းစသော လုပ်ငန်းများကို ပျိုးထောင်ပေးခြင်း၊ ထို့အပြင် လုပ်ငန်းများနှင့်ဆက်စပ်ကာ အမျိုးမျိုးသော အထူးအသက်မွေးဆိုင်ရာ သင်ခန်းစားများကို လက်တွေ့အကောင်အထည်ဖော်လျက်ရှိပါသည်။

အားလုံးသောလုပ်ငန်းများ လက်တွေ့အကောင်အထည်ဖော်နိုင်ခြင်းနှင့်ပတ်သတ်ပြီး ကျောင်းအသီးသီးမှ ကျောင်းဆရာဆရာမများနှင့် ဒေသရှိလူများက အဓိကအနေဖြင့် လုပ်ဆောင်မှသာ လက်တွေ့အကောင်အထည်ဖော်လာမည်ဖြစ်ပါသည်။ ကျွန်တော်တို့လုပ်ဆောင်နိုင်သည်မှာ ရံပုံငွေတိုးတ်လာစေရန် ကူညီလုပ်ဆောင်ပေးခြင်း နှင့် (ဗဟုသုတ အသိညာဏ်များရှိသောလူများကို မိတ်ဆက်ပေးခြင်းပင်ဖြစ်ပါသည်။

ကျောင်းသားများအား ထောက်ပံ့ပေးခြင်း

လက်ရှိတခြားနိုင်ငံများတွင် အလယ်တန်းထောက်ပံ့ကြေးအပြင် အသက်မွေးဝမ်းကျောင်းဆိုင်ရာသင်တန်းကျောင်းများ( အလယ်တန်းထောက်ပံ့ကြေး)။ စာကြည့်တိုက်လုပ်ငန်း၊ သင်ထောက်ကူပစ္စည်းများပံ့ပိုးခြင်း၊ ဝေးလံသောဒေသမှကလေးများအတွက် စက်ဘီးထောက်ပံ့ပေးခြင်း၊ ဆရာဆရာမပြုစုပျိုးထောင်ရေးအတွက် ထောက်ပံ့ခြင်းများ စာသင်ခန်း၊ အဆောင် ဆောက်လုပ်ခြင်းများ အစရှိသည်တို့ကို လုပ်ဆောင်လျက်ရှိပါသည်။

Comments are closed.