ပညာတော်သင်ထောက်ပံ့ကြေးရရှိထားသော သဲမင်းအောင် (ဆဠမတန်း)

ကျောင်းအုပ်ကြီးမှ ဒီကလေးသည် အတန်းထဲတွင် စားအကြိုးစားဆုံးကလေးဟု ဆိုပါသည်။ကျောင်းမှ ဆရာ ဆရာမများသည် ကလေးများဝတ်ဆင်ထားသော အဝတ်အစားအနေအထား၊ ထမင်းဘူး နေထိုင်သည့် အိမ်အနေအထားများကိုကောင်းစွာနားလည်ပြီး ကလေးငယ်များ၏ အနေအထားကို ကောင်းစွာ နားလည်ကြပါသည်။

သူ့သည် အဖေအမေ၊ အဠမတန်းအရွယ် အကိုတစ်ယောက်နှင့်ညီမလေးတစ်ယောက် စုစုပေါင်း မိသားစု ၅ယောက်ရှိပါတယ်။ သူ၏ မိဘနှစ်ပါးသည် ၅တန်းအထိသာ ပညာသင်ကြားခဲ့ပြီး အလယ်တန်းနှင့် ကျောင်းထွက်ကာ နေ့စားအလုပ်ကို လုပ်ကိုင်ခဲ့ကြရပါသည်။

ကျွန်တော် သွားရောက်လည်ပတ်သည့်အချိန်တွင်လည်း မိဘ၂ပါးလုံးအိမ်မှာမရှိသည့်အတွက် မတွေ့ဆုံခဲ့ရပါ။ မိမိတို့ရဲ့စွမ်းအားဖြင့် အိမ်ဆောက်လုပ် နေထိုင်ရန်မဖြစ်နိုင်သည့်အတွက် အဘွားခြံထဲတွင် မြေဌားကာ ဖြစ်သလိုအိမ်ဆောက်ကာ နေထိုင်ရပါသည်။

လျှပ်စစ်မီးလိုင်းမသွယ်နိုင်သည့်အတွက် အိမ်တွင် လျှပ်စစ်ပစ္စည်းများလည်း မရှိပါ။ အိမ်ဆိုသောလည်း သေချာဆောက်လုပ်ထားခြင်းမျိုးမဟုတ်သည့်အတွက် ကြာရှည်နေထိုင်နိုင်မည့် အိမ်မျိုးမဟုတ်ပါ။ အကယ်၍ လက်ရှိနေထိုင်နေသော အိမ်ပြိုလဲပါက ထပ်မံပြီး ငွေချေးကာ အိမ်ဆောက်ရမည့်ဖြစ်ပါသည်။  သေချာကောင်းမွန်သည့်အိမ်မဆောက်လုပ်နိုင်သရွေ့ ချေးငွေယူရသည့်အလုပ်သည် ထပ်ခါထပ်ခါဖြစ်နေမည့်ဖြစ်ပါသည်။

Comments are closed.