ဒါရူနီ ပညာတော်သင်ထောက်ပံ့ကြေးတာဝန်ခံဆရာ

ကျောင်းသားများအတွက် အစွမ်းကုန်ကြိုးစားသော ဆရာ

အားလုံးပဲမင်္ဂလာပါ ကျွန်တော်ကတော့ ကျောင်းကုန်းအလယ်တန်းကျောင်းတွင် တာဝန်ထမ်းဆောင်နေသော ဆရာဖြစ်ပါသည်။ မင်းဆိုင်းစင်တာသည် ကျွန်တော်တို့ကျောင်းတစ်ခုတည်း သာမက ထန်းတပင်မြို့ရှိ ဆင်းရဲနွမ်းပါးသော ကလေးငယ်လေးများအတွက် ပညာသင်ထောက်ပံ့ကြေး ပေးနေသည့်အတွက် ထန်းတပင်မြို့နယ်ရှိ ကလေးများ ကိုယ်စား ကျွန်တော်မှ ကျေးဇူးတင်စကား ပြောကြားချင်ပါတယ်။

ကျွန်တော်သည် ဆရာအလုပ်ကို လုပ်ကိုင်နေရင်း ဆင်းရဲနွမ်းပါးသော ကလေးငယ်များကို တွေ့မြင်ရတိုင်း တွေးမိသည့်အရာမှာ ကျွန်တော်တို့တစ်တွေ ဘယ်လိုလုပ်ပေးမှ ဒီကလေးတွေဟာ အပြုံးမျက်နှာလေးများဖြင့် ပညာသင်ယူနိုင်မှာလဲ ဆိုသည့်အရာဖြစ်ပါတယ်။

ထန်းတပင်မြို့နယ်အတွက်ကတော့ မင်းဆိုင်းစင်တာမှ ဆင်းရဲနွမ်းပါးသော ကလေးငယ်လေးများအတွက် ပညာတော်သင်ထောက်ပံ့ကြေးပေးနေသည့်အတွက် ကလေးများ၏ မျက်နှာတွင် အပြံးမျက်နှာများကို မြင်တွေ့နေရပါတယ်။ ထို့အပြင် ထောက်ပံ့သူအလှူရှင်များကလည်း ဝမ်းသာနေကြမည်ဟု ထင်သလို ကျွန်တာ်လည်း အလွန်ပင်ဝမ်းသာမိပါတယ်။

ကျွန်တော်တို့ကျောင်းတွင် လာမည့်နှစ်တွင် အလယ်တန်း သို့တက်ရောက်မည့် ကလေး ၂၅ဦးတွင် ၂၀ဦးတွင် ဆင်းရဲနွမ်းပါးသော ကလေးငယ်များဖြစ်ပါသည်။ ထိုကလေးငယ်များသာ ထောက်ပံ့ကြေးရရှိမည်ဆိုပါက အလွန်ပင် ဝမ်းသာမိမည်ဖြစ်ပါသည်။ ယခုမှစ၍ နောက်နောင်လည်း ကူညီပေးပါရန် လေးစားစွာပန်ကြားအပ်ပါသည်။

Comments are closed.