မောင်လင်းပြည့်စုံ (အလယ်တန်း၊ ၅တန်း)

အဖေနှင့်ညီလေး၃ယောက်ရှိပါသည်။ သူ့အမေသည် လွန်ခဲ့သော ၆နှစ်မှ ကွယ်လွန်သွားခဲ့ပါသည်။ ထိုကတည်းမှ ဖခင်သည် တစ်ယောက်တည်း သား၂ယောက်ကို ပြုစုစောင့်ရှောက်ခဲ့ပါသည်။

ဖခင်သည် နေ့စားအလုပ်ကို လုပ်ကိုင်လျက်ရှိသော်လည်း သား၂ယောက်ကို လုပ်ကိုင်ပေးရသည့် အနေအထားဖြစ်သည့်အတွက် စိတ်ကြိုက်အလုပ်လုပ်ကိုင်နိုင်ခြင်းမရှိပါ။ ထို့ကြောင့် တခြားသူများထက် ဝင်ငွေနည်းပါးသည်။

တဖန် ဖခင်ဖြစ်သည့်အတွက် အလုပ်လုပ်ရသည့်အပြင့် အိမ်မှုကိစ္စချက်ပြုတ်ခြင်းများလည်း မကျွမ်းကျင်သည့်အတွက် နေတိုင်းနီးပါး ထမင်းနှင့် ကြက်ဉမျှသာ စားရသကဲ့သို့ဖြစ်သည့်အတွက် မောင်လင်းသည် အလယ်တန်းကျောင်းသားဟုမထင်ရလောက်အောင် ခန္တာကိုယ်မှာ သေးငယ်လှပါသည်။ ဓာတ်ပုံရိုက်စဉ်တွင် ဖခင်သည်အလုပ်သွားနေသည့်အတွက် ဖခင်မှာ မပါဝင်ဘဲ အိမ်နီးနားချင်၂ဦးမှ လာရောက်ပေးခဲ့သည့်အတွက် အတူတကွ မှတ်တမ်းဓာတ်ပုံရိုက်ယူခဲ့ပါသည်

Comments are closed.