မဝင်းသူဇာဦး(အလယ်တန်း ၆တန်း)

သူမသည် တခြားသူများကဲ့သို့ ၅တန်းမှ စတင်ကာ ထောက်ပံ့ကြေးရရှိခြင်းမဟုတ်ဘဲ ၆တန်းမှ စတင်ကာ ထောက်ပံ့ကြေးရရှိခြင်းဖြစ်ပါသည်။ သူမသည် ဖခင်ဘက်မှ အဖွားဖြစ်သူနှင့် နေထိုင်စားသောက်လျက် ရှိပါသည်။ မိဘ၂ပါးမှာ ကွားရှင်းထားကြပြီး ဖခင်မှာ နောက်အိမ်ထောက်ပြုကာ သီးသန့်နေထိုင်ပြီး မိခင်မှာလည်း တခြားသော အကြောင်းပြချက်များကြောင့် အတူတကွ နေထိုင်ခြင်းမရှိပါ။

လက်ရှိ မိသားစုဝင်ငွေမှာ အဖွားတစ်ဉီးတည်းမှ နေ့စားဖြင့် ကျပန်း ရရာအလုပ်ကို လုပ်ကိုင်ကာ ရှာဖွေ စားသောက်နေထိုင်သော်လည်း မြေးကလေးအတွက် တတ်နိုင်သလောက် အလုပ်လုပ်ကိုင်ချင်သော်လည်း အသက်ကြီးပြီဖြစ်သည့်အတွက် စိတ်ရှိတိုင်း အလုပ်များကို မလုပ်ကိုင်နိုင်ပါ။

Comments are closed.