EDF-Myanmar မှ ထန်းတပင်မြို့နယ် ထိန်နှစ်ပင်အခြေခံပညာမူလတန်း(လွန်)ကျောင်းသို့အဆင့်မြင့်သန့်စင်ခန်းဆောက်လုပ်လှူဒါန်းပေးအပ်ခြင်းအခမ်းအနား

၂၀၂၄ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင် EDF-Myanmar သည် မြန်မာနိုင်ငံ ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ်တွင် တည်ရှိသော ထိန်နှစ်ပင်အခြေခံပညာမူလတန်းလွန်ကျောင်းသို့ အဆင့်မြင့်သန့်စင်ခန်းဆောက်လုပ်လှူဒါန်းပေးအပ်ခြင်းအခမ်းအနားကိုကျင်းပခဲ့ပါသည်။

EDF-Myanmar မှ ၂၀၂၃ ခုနှစ် တွင် ထန်းတပင်မြို့နယ် ထိန်နှစ်ပင်အခြေခံပညာမူလတန်းလွန်ကျောင်းသို့ ပညာသင်ဆုထောက်ပံ့ကြေးသွားရောက်ပေးအပ်သည့်အချိန်တွင် ကျောင်းအုပ်ဆရာမကြီးမှ EDF-Myanmar မှ Managing Director U Zin Zaw Zaw Maung အား ကျောင်းတွင် ကျောင်းသား/သူများ သန့်စင်ခန်းအသုံးပြုရာတွင်ခက်ခဲမှုအခြေအနေများကို တိုင်ပင်ဆွေးနွေးခဲ့ပါသည်။ EDF-Myanmar မှ Managing Director U Zin Zaw Zaw Maung သည် EDF-Japan မှတာဝန်ရှိလူကြီးမင်းများနှင့် ဆွေးနွေးတိုင်ပင်၍ အလှူရှင်ကိုကြိုးစားရှာဖွေခဲ့ပါသည်။ ထို့နောက် EDF-Myanmar မှကျောင်းတွင်းကွင်းဆင်းလေ့လာမှုများပြုလုပ်ခဲ့ပီး အဆင့်မြင့်သန့်စင်ခန်းဆောက်လုပ်လှူဒါန်းမှုဆိုင်ရာလုပ်ငန်းများစတင်ဆောင်ရွက်ခဲ့ပါသည်။

စက်တင်ဘာလ (၅)ရက်နေ့တွင် အဆင့်မြင့်သန့်စင်ခန်းဆောက်လုပ်လှူဒါန်းပေးအပ်ခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်ပညာရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျောင်းကော်မတီ အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား/သူများ တက်ရောက်ဂုဏ်ပြုချီးမြှင့်ခဲ့ပါသည်။ အခမ်းအနားတွင် EDF-Myanmar မှ Managing Director U Zin Zaw Zaw Maung မှ အဆင့်မြင့်သန့်စင်ခန်း တည်ဆောက်ပေးရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးမှလည်း အဆင့်မြင့်သန့်စင်ခန်းလှူဒါန်းပေးမှူအပေါ် ဂျပန်အလှူရှင်များနှင့် EDF-Myanmar မှ တာဝန်ရှိလူကြီးမင်းများအား ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

အခမ်းအနားတွင် အဆင့်မြင့်သန့်စင်ခန်းအား EDF-Myanmar မှ Managing Director U Zin Zaw Zaw Maung၊ ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။ တာဝန်ရှိလူကြီးမင်းများနှင့် ကျောင်းသား/သူများမှလည်း သန့်စင်ခန်းကိုလှည့်ပတ်ကြည့်ရှုခြင်းနှင့် အမှတ်တရဓာတ်ပုံများရိုက်ကူးခြင်းဖြင့် အခမ်းအနားကို အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။

Comments are closed.