ကျွန်မသည် မောင်နှမ ၅ယောက်ထဲတွင် ၄ယောက်မြောက်ဖြစ်ပြီး အကို ၃ယောက်နှင့် ညီမလေး ၁ယောက်ရှိ ပါသည်။ အကို၃ယောက်မှာ မိသားစုစားဝတ်နေရေးအရ အလုပ်လုပ်ရန်အတွက် အိမ်မှထွက်ခွာသွားပါသည်။ မိဘများမှာသက်ရှိထင်ရှားရှိသေးသော်လည်း နံနက်စောစောမှ ညအချိန်အထိ လယ်ယာ (သို့) ဈေးတွင် အလုပ်လုပ်ကြရသည့်အတွက် နေ့လည်နေ့ခင်းတွင် ဘယ်သောအခါမှအိမ်တွင်မရှိပါ။ မိဘများအိမ်၌ မရှိချိန်တွင် ကျွန်မနှင့် ညီမလေးကို အဖွားကစောင့်ရှောက်ထားပါသည်။ ကျွန်မသည်ပညာသင်ဆု၏ ကျေးဇူး ကြောင့် ယူနီဖောင်းများ၊ ဖတ်စာအုပ်၊ မှတ်စုစာအုပ်နှင့် စာရေးကိရိယာ အစရှိသည်တို့ကို ပြင်ဆင်နိုင်ခဲ့ပြီး ကျောင်းတက် နိုင်ခဲ့သည့်အတွက်ကျွန်မအားထောက်ပံ့ပေးသောဂျပန်မှအလှူရှင်များနှင့် EDF-Myanmar ၏ကြိုးစားလုပ်ဆောင် ပေးမှုများအပေါ် အလွန်ပင်ကျေးဇူးတင်ရှိပါသည်။
မနှင်းနုနုထွန်း၏အခြေအနေကိုသွားရောက်လေ့လာခဲ့သော EDF-Myanmar မှတာဝန်ရှိသူ၏ပြောစကား အရ{သူမသည် အင်္ဂလိပ်စာကိုအလွန်ကြိုက်နှစ်သက်ပါသည်။ အနည်းငယ်သာပြောတက်ပေမဲ့လည်း မိမိ ကိုယ်ကို အင်္ဂလိပ်လိုမိတ်ဆက်ခဲ့ပါသည်။ဂျပန်နိုင်ငံမှ ပညာသင်ဆုလက်ခံရရှိသည့် အချိန်မှစ၍ ဂျပန်စာကို လည်း လေ့လာချင်သည်ဟုပြောပါသည်။ မိမိအိမ်မှ အထက်တန်းကျောင်းသို့သွားရန် မိနစ် ၃၀ခန့် ကြာသော်လည်း အထက်တန်းကျောင်း ဆက်တက်ချင်သည်ဟုပြောပါသည်။ ထို့နောက်အနာဂတ်တွင် ဆရာဝန်တစ်ဦးဖြစ်လိုကြောင်းလည်းပြောကြားခဲ့ပါသည်။ ဆရာများမှလည်း နှင်းနုနုထွန်းကို တက်နိုင် သလောက် ထောက်ပံ့ချင်သည်ဟုပြောပါသည်။}