၅။ ကျောင်းသားလမ်းညွှန်ခြင်း

(က) ကျောင်းတစ်ဝက်ဖြင့်ထွက်ခြင်းများကို ကာကွယ်ခြင်း

ထောက်ပံ့သူသည် လေးနှစ်ကြာ ကျောင်းပြီးဆုံးသည်အထိ ကျောင်းသားတစ်ယောက်ကို ထောက်ပံ့ပြီး ထိုကျောင်းသား၏ကြီးပြင်းလာမှုကို ပျော်ရွှင်စွာဖြင့် စောင့်နေပါသည်။ ထိုကျောင်းသားသည် ကျောင်းတစ်ဝက်တစ်ပျက်ဖြင့်ကျောင်းထွက်ပါက ထောက်ပံ့ကြေးပေးအပ်သူသည် စိတ်ဓာတ်ကျကာ နောက်တစ်ကြိမ် မြန်မာတွင်ထောက်ပံ့မှုကို မလုပ်တော့ရုံသာမက EDF-Jသို့လှူဒါန်းနေမှုများကိုလည်း ရပ်တန့်နိုင်သော အလားအလာရှိပါသည်။

သို့ဖြစ်ပါ၍ ကျောင်းသားလမ်းညွှန်မှူများကို လုပ်ဆောင်ကာ ကျောင်းတစ်ဝက်တစ်ပျက်ဖြင့်ကျောင်းထွက်ခြင်းများမရှိစေရန် လမ်းညွှန်လုပ်ဆောင်ရပါမည်။

(ခ) အိမ်သို့သွားရောက်လည်ပတ်ခြင်း

လူသည်မွေးဖွားလည်သည့်အချိန် မွေးဖွားလာသည့်လူမှုပတ်ဝန်းကျင် မိသားစုကို ရွေးချယ်၍မရပါ။ စီးပွားရေးအရဆင်းရဲနွမ်းပါးသော မိသားစုတွင် မွေးဖွားလာသော်လည်း ပညာသင်ယူနိုင်သော အခွင့်အရေးရှိပါသည်။

ထို့ကြောင့် အိမ်သို့သွားရောက်လည်ပတ်ခြင်းများလုပ်ဆောင်ကာ မိသားစုအနေအထားများကို နားလည်သဘောပေါက်ကာ ကျောင်းဆက်တက်နိုင်စေရန် အားပေးနိုင်မည့်နည်းလမ်းများ ကြိုးစားစေလိုသော ခွန်အားများဖြစ်လာစေရန် တိုက်တွန်းနိုင်ပါသည်။

Comments are closed.