၂၀၁၆ခုနှစ်တွင် တိုကျို Lion Clubမှ မြန်မာနိုင်ငံ ရန်ကုန်မြို့ ထန်းတပင်မြို့နယ် ရိုးဂွအခြေခံပညာ အထက်တန်းကျောင်းခွဲသို့ ကွန်ပျူတာ ၁၆လုံး ပရင်တာ ၂လုံးလှူဒါန်းပွဲအခမ်းအနား ဖြစ်ပါသည်။ ထိုအခန်းအနားတွင် တိုကျို Lion Clubမှ အဖွဲ့ဝင်များ တက်ရောက်ကြပြီး မြန်မာနိုင်ငံတွင် နေထိုင်သော ဂျပန်လူမျိူး Lion Club အဖွဲ့ဝင်များက တက်ရောက်ခဲ့ကြပါသည်။
ကလေးငယ်များ၏ ပညာသင်ကြားရေးတွင် အလွန်အထောက်အကူပြုသော ကွန်ပျူတာများကို အလှူရှင်များက ကျောင်းသား/သူလေးများ၏ ပညာရေးဘက်စုံ တိုးတက်လာစေရန် ရည်ရွယ်၍ လှူဒါန်းခြင်းဖြစ်ပါသည်။
အခမ်းအနားတွင် ကျောင်းသား/သူလေးများက လွယ်ကူသော ဂျပန်ဘာသာစကားဖြင့် နှုတ်ဆက်ခြင်း၊ ဂျပန်- မြန်မာယဉ်ကျေးမှု ဖလှယ်သော အကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပါသည်။ ထိုအတွက် ပွဲမတိုင်မှီ တစ်လခန့်ကြိုတင်ကာ ကျောင်းသား/သူလေးများအား လွယ်ကူသောဂျပန်ဘာသာစကားကို အနည်းငယ်ကြိုတင်သင်ကြားပေးခဲ့ကြပါသည်။
လက်ရှိတွင် ရိုးဂွကျောင်းမှ ကျောင်းသား/သူလေးများမှာ တိုကျို Lion Club မှလှူဒါန်းထားသော ကွန်ပျူတာဖြင့် စာစီစာရိုက်ခြင်း၊ ပန်းချီဆွဲခြင်းများကို လုပ်ဆောင်လျှက်ရှိပါသည်။ ကွန်ပျူတာများ လှူဒါန်းပေးပါသော တိုကျို Lion Club အားအထူးကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါသည်။