၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ပညာသင်ဆုချီးမြှင့်ခြင်း

ကျွန်ုပ်တို့သည် (၂၄/၂၆/၂၇-၀၁-၂၀၂၂) ရက်နေ့များတွင် ထန်းတပင်မြို့နယ်၊ ကျောက်တန်းမြို့နယ်နှင့် သန်လျင်မြို့နယ်ရှိ အခြေခံပညာကျောင်းများသို့သွားရောက်၍ အလယ်တန်းကျောင်းသား/သူလေးများကို (၂၀၂၁-၂၀၂၂) ပညာသင်နှစ်အတွက် ပညာတော်သင်ထောက်ပံ့ကြေးပေးအပ်ချီးမြှင့်ခြင်းများဆောင်ရွက်ခဲ့ပါသည်။

ထန်းတပင်မြို့နယ်

  • (အ.ထ.က – ခွဲ) ရိုးခွ
  • (အ.လ.က – ခွဲ) အေးရွာလေး
  • (အ.လ.က) ဆတ်ကလေး
  • (အ.လ.က – ခွဲ) ကျောင်းကုန်း
  • (အ.လ.က – ခွဲ) ထိန်နှစ်ပင်

ကျောက်တန်းမြို့နယ်

  • (အ.ထ.က) မြိုင်သာယာ
  • (အ.လ.က – ခွဲ) အဒွတ္တော
  • (အ.ထ.က – ခွဲ) ရဲတပ်ရင်း
  • (အ.ထ.က) တံတား
  • (အ.လ.က – ခွဲ) ကဒပ္ပန
  • (အ.လ.က – ခွဲ) တံတားတောင်

သန်လျင်မြို့နယ်

  • (အ.မ.က – ခွဲ) မြို့ဟောင်းအရှေ့

EDF-Myanmar ၏ Managing Director U Zin Zaw Zaw Maung မှလည်း ကျောင်းသား/သူလေးများအား ပညာတော်သင်ချီးမြှင့်ခြင်းနှင့် ပတ်သတ်သည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခြင်းများ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဆရာများမှလည်း ကျောင်းတွင်းလိုအပ်ချက်ရှိသည်များကို EDF-Myanmar မှတာဝန်ရှိသူများနှင့်ဆွေးနွေးတိုင်ပင်မှုများ ပြုလုပ်ခဲ့ပါသည်။

★ http://edfmyanmar.org/

# EDF-MyanmarAddress အမှတ် (၅၂) ပထမထပ်၊ ဈေးကြီးလမ်း၊ ဈေးကြီးအရှေ့ရပ်ကွက်၊ ကြည့်မြင်တိုင်မြို့နယ်၊ ရန်ကုန်မြို့။

Contact📞09893687700, 09664357853 ✉info@edfmyanmar.org ✉edfmyanmar.org@gmail.com

Comments are closed.